77 Heartwarmings (2021)

IMDb – 4.2/10

၇၇ ကြိမ်လောက် အသည်းကွဲပြီးတော့ …..
၇၇ ကြိမ်လောက် စိတ်လှုပ်ရှားဖို့ ပရိသတ်ကြီးကို ဖိတ်ခေါ်လိုက်ပါတယ်။

ဒီကားမကြည့်ခင် 77 Heartbreaks လေးတော့ ပြန်ကြည့်သင့် ပါတယ်။ဒီကားမှာတော့ ထိုင်းမင်းသားချောလေး မာရီယိုကပါ ပါဝင်ပြီးစိတ်လှုပ်ရှားပေးမှာမို့ ရင်ခုန်စရာဇာတ်လမ်းလေးကို ခံစားကြည့်ရအောင်နော်။

“ပျော်ရွှင်မှု” ဆိုတာ အဝေးကြီးမှာ ရှာဖွေစရာမလိုပါဘူး။

ရိုးရိုးရှင်းရှင်းလေးနဲ့ ကိုယ့်အနား ရောက်လာတဲ့ခံစားမှုကို ပျော်ပျော်ရွှင်ရွှင်လေးခံစားတတ်ဖို့ပဲလိုတာပါ။သူဘယ်လိုပဲပြင်ပါ့မယ်လို့ပြောပြော စိတ်ထဲမှာတော်တော်ကြောက်နေခဲ့တာ။သူ့ရဲ့အပြောအဆို၊ အယုအယတွေအောက် ကိုယ်ထပ်ပြီး ကျရှုံးသွားမှာ ကြောက်နေခဲ့မိတယ်။ထပ်ပြီးစိတ်ထိခိုက်မှာကို ကြောက်နေခဲ့မိတယ်။အခုတော့ သူက သူနဲ့မတူအောင်ကို ကိုယ့်အတွက်စဉ်းစားပေးလို့ ပျော်ရွှင်ခဲ့ရတယ်။နောက်ပြီးတော့ ဟိုတစ်ယောက်… ထူးဆန်းတဲ့ပုံစံတစ်မျိုးနဲ့ ကိုယ့်ဆီချဉ်းကပ်လာခဲ့တယ်။အဖြစ်အပျက်တွေ အရမ်းကိုမြန်ဆန်လွန်းပေမယ့် သူနဲ့ဆို လွတ်လပ်သလိုခံစားရတယ်။

ကိုယ့်ကို လက်တွေ့ဘဝထဲက ရုန်းထွက်လာပြီး သူနဲ့အတူတူ ပျော်ရွှင်ရအောင်တဲ့…
ကိုယ်ဘယ်လိုလုပ်ရမလဲ…. ?
ကိုယ်ဘာကိုရွေးရမလဲ …..?
ခံစားချက် နဲ့ ဘဝ ရောထွေးနေခဲ့ပြီ။
ခံစားချက် နဲ့ ခံစားမှုတွေ ထပ်တူမကျတော့ဘူး။
ကိုယ် မဖြစ်မနေရွေးချယ်ရမယ်ဆိုရင်တော့ ကိုယ်ရွေးရမယ့်သူက…….
Crd#CM


😊 Please, Like, follow, and join our and .